You are on page 1of 10

Aမေရေးတဲ့  စာတစ်ေ စာင်

သားရေ
AမေရိကမှာAလုပ်လုပ်နေကြတဲ့ တခြားနိုင်ဂျီးရီးယား လူငယ်
တွေလို Aနောက်နိုင်ငံများ Aသင်းကနေတဆင့် Aိမ်ကိုပိုက်ဆံ မပို့တာ
ဘာ့ကြောင့်လဲ။ Aိမ်ကိုလည်းပြန်မလာဘူး။ လူဖြူမလေး တစ်ယောက်နဲ့
များ လက်ထပ်လိုက်တာလား။ သားAတွက်မေမေ Aမျိုးကောင်းသမီး
လေး တစ်ယောက်ကို တွေ့ထားပြီ ဆိုတာ မမေ့ပါနဲ့။ သူ့နာမည်က ငိုဇီး။
သူ့မိဘ တွေကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေပါ။ သူ့မေမေဟာ
Aမေ့လိုပဲ။ ငိုဇီးတို့မိသားစုနဲ့ Aမေတို့ကြားမှာရှိတဲ့ ခင်မင်ရင်းနှီးမှုတွေ
ပျက်ေAာင် မလုပ်နဲ့နော်သား။
ကာကာရဲ့ သားလိုတော့ မလုပ်ပါနဲ့ လို့ Aမေပြောပါရစေ။
သူ့ကို တို့နိုင်ဂျီးရီးယားလူမျိုးစု တိုးတက်ရေး ရံပုံငွေနဲ့ ပို့လိုက်တာ။
သူကတော့ လူဖြူမလေး တစ်ယောက်နဲ့ လက်ထပ်ပြီးပြန်လာတယ်။
လူဖြူတွေချည်း သီး သန့်နေတဲ့ ရပ်ကွက်ထဲ သွားနေတော့။ သူ့မိဘတွေ
ကိုတောင် လာလည်ခွင့် မပေးဘူး။ သူ့မှာ ခွေးကြီးတစ်ကောင် ရှိတယ်။
သူမိန်းမကဆို Aဲဒီခွေးကြီးကို သူ့သွေးသားတစ်ယောက်လို ပြုစုကျွေး
မွေးတာ။ သူမိဘတွေဆီ တစ်ခေါက်တော့ လာလည်ပါတယ်။ သူက
သူAဖေရဲ့  Aိမ်AိုAိမ်ဟောင်းကြီးမှာ ညမAိပ်ဘူးတဲ့။ ညစ်ပတ်ရှုပ်
ပွနေလို့တဲ့လေ။ သူ့မိန်းမကို ခေါ်ပြီး ဟိုတယ်မှာ သွားတည်းကြ
တယ်ဆိုပဲ။ တို့နိုင်ဂျီးရီးယားလူမျိုးစု သက်ကြီးဝါကြီးတွေနဲ့ တွေ့  တော့
သူငယ်ငယ်ကလို မြေပေါ် ၀ပ်တွားပြီး ဂါရ၀မပြုဘဲ လက်ကြီးဆန့်
ပေးသတဲ့။
Aမေသားဆီပို့ပေးလိုက်တဲ့ဓာတ်ပုံထဲက ခေါင်ရမ်းပန်းလေး
ကိုင်ထားတဲ့ ဂါဝန်ရှည်လေးနဲ့ ငိုဇီးလေးဟာ လှရဲ့  မဟုတ်လား။ သူAခု
ခရစ်ယာန်AမျိုးသမီးများAသင်းရဲ့  ဆရာများကောလိပ်မှာ ကျောင်း

စိုင်းခမ်းထွန်း (စက်မှုAင်ဂျင်နီယာ) Email: saingkhantun@gmail.com


တက်နေတယ်။ သူကလေးက သားကောင်းတွေ မွေးဖွာပေးနိုင်တဲ့ မျိုး
ကောင်းရိုးကောင်းလေးသားရဲ့ ။
ဂျာမနီကိုသွားတဲ့ Aိုဂါဂါရဲ့  သားကတော့ ဟိုတစ်နှစ်က
ဗောက်ဝက်ဂွန်းလို့ခေါ်တဲ့ ကားAကောင်းစားကြီး တစ်စီး ပို့လိုက်တယ်။
Aိပ်ခန်းပေါင်း ၂၀ ပါတဲ့ စံAိမ်ကြီးလည်းဆောက်ပြီး သွားပြီတဲ့။ ခု
ဟိုတယ်ကြီး တစ်ခုဆောက်ဖို့တောင် Aုတ်မြစ်ချပြီးသွားပြီ။ Aမေလည်း
Aသက်ကြီးလာပြီဆိုတော့ Aမေမသေခင်လေး Aမေ့မြေးတွေနဲ့ ပျော်
ပျော်ကြီးနေချင်သေးတယ်။ Aမေလည်းရွာမှာ လူရယ်စရာ Aဘွားကြီး
ဖြစ်နေပြီ။ ဘာလို့လည်းဆိုတော့ Aိုရင်ဘိုဈေးမှာရှိတဲ့ Aမေ့ရဲ့  စည်းစိမ်
ကုန် ဈေးဆိုင်လေးကို ရောင်းလိုက်လို့လေ။ ဒါကလည်း Aမေရိကကို
သွားတဲ့ Aမေ့ရဲ့  တစ်Uီးတည်းသော သားလေး မင့် Aတွက် ပိုက်ဆံပိုပို့
ပေးဖို့ Aတွက်ပါကွယ်။ ခု Aမေ့မှာ ဈေးဆိုင်လေး မရှိတော့ဘူးသားရဲ့ ။
Aဲဒါကြောင့် ခု Aမေလေ မလုပ်ချင်ပေမယ့် ခေါင်းရွက်ဗျတ်ထိုးဈေး
သည် လုပ်နေရပြီသားရေ။
သားသတိရသေးလား Aမေ့Aတွက် ကားတစ်စီးနဲ့ ဒရိုင်ဘာ
တစ်ယောက်ထားပေးမယ်ဆိုတာလေ။ Aမေကတော့ ငါ့သားပို့လိုက်တဲ့
ကားကြီးရဲ့  နောက်ခန်းမှာ ၀န်ကြီးချုပ်ကတော်ကြီးလို ထိုင်ပြီးတော့ ဒရိုင်
ဘာကို နောက်ကနေ Aမိန့်တွေပေးမယ်။ Aမေ့ မိတ်ဆွေတွေဆီ
သွားလည်မယ်။ သူတို့တွေ Aားကျနေကြမှာ မြင်ယောင်သေးတယ်
သားရယ်။ Aမေကတော့ Aမေသားလေးဟာ ဘုရားသခင်ဟောခဲ့တဲ့
ဝိုင်နဲ့မိန်းမAတွက် ရလာတဲ့ပိုက်ဆံတွေကို လက်ဖွာဖွာနဲ့ Aရမ်းသုံးဖြုန်း
ပစ်တဲ့သူ ဖြစ်မလာပါစေနဲ့လိုပဲ ဆုတောင်း နေမိတယ်။

သားလေး Aိုဘီရဲ့  သမီးလေးကိုတော့ သတိရနေမယ်ဆိုတာ


Aမေ Aတပ်ပြောရဲတယ်။ သား Aမေရိကကို ထွက်သွားပြီးလို့
သိပ်မကြာခင်ပဲ သူလည်း Aီတလီကို ပြည့်တန်ဆာလုပ်ဖို့ ထွက်သွား
တယ်။ မနှစ်ကမှ သူလည်း သူ့မိဘတွေဆီ လက်ဆောင်တွေ Aများ

စိုင်းခမ်းထွန်း (စက်မှုAင်ဂျင်နီယာ) Email: saingkhantun@gmail.com


ကြီးနဲ့ ပြန်လာတာ။ သင့်တော်တဲ့ ကောင်လေးတစ်ယောက်နဲ့ တောင်
လက်ထပ်သွားပြီးသွားပြီ။ သူတို့လက်ထပ်ပွဲကို ဘုရားကျောင်းမှာ
လုပ်တာ။ ဘုရားကျောင်းပြင်ဖို့ Aလှူကြီးပေးပြီးတဲ့နောက် သူဟာ
ရှက်ဖွယ်ကောင်းတဲ့ ပြစ်မှုတွေ လုပ်ခဲ့ပေမယ့်။ ယေရှုခရစ်တော်ရဲ့ သွေးနဲ့
သန့်ရှင်းစေခဲ့ပြီလို့ ဘုန်းတော်ကြီးကပြောတယ်။ ခုဆို သားလေးတစ်
ယောက်တောင်မွေးပြီးပြီတဲ့။ လူတွေလည်း သူAီတလီမှာ တစ်ခါတုန်း
က ပြည့်တန်ဆာလုပ်ခဲ့တာကို သတိမရကြတော့ပါဘူး။
သားလေး တခြား လူမည်းတွေနဲ့ရော ပေါင်းသင်းဖြစ်လား။
သားရဲ့ မျိုးရိုးဇစ်မြစ်ကိုရော သတိရတုန်းပဲလား။ လူမည်းတွေရဲ့  ရိုးရာ
AစားAသောက်တွေကို ရှာရှာဖွေဖွေ စားတုန်းပဲလား။ ဘာလို့လဲ
ဆိုတော့ လူဖြူတွေရဲ့  AစားAသောက်က သားကို လူဖြူတွေရဲ့  လမ်း
ကိုလိုက်ဖို့ ခေါ်သွားမှာ Aမေစိုးရိမ်တယ် သား။ သားရေ …
သားလျှောက်မယ့်လမ်းကို သားစU်းစားပါ။ လက်ဖွာဖွာနဲ့သုံးဖြစ်နေ
သလား ဆိုတာ ကိုယ်ဟာကို ဆင်ခြင်ပါ။ Aမေ မသေခင်တော့ သားA
တွက် နေ့စU် ဆုတောင်းပေးပါတယ်သားရယ်။
ငိုဇီးလေးရဲ့ မင်္ဂလာAိပ်ခန်းAတွက် Aမေ့ပိုက်ဆံတော်တော်
များများကို Aမေသုံးလိုက်တယ်သား။ Aမေ့ ကိုယ်ပိုင်ငွေလေးနဲ့ သူ့ကို
Aဲဒီကိုပို့လိုက်တာ။ Aဲဒီက Aမျိုးသမီးတွေက သူ့ကို ခင်ပွန်းသည်ကို
ဘယ်လို ဂရုစိုက်ရတယ် ဆိုတာ သင်ပေးပါလိမ့်မယ်။ ပြီးတော့ လှလှပပ
ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ချစ်ရာမိန်းကလေး ဖြစ်လာေAာင် ကျွေးကြမွေးကြပါ
လိမ့်မယ်။ မျိုးကောင်းရိုးကောင်းလေးက ပေါက်ဖွားလာတဲ့ ငိုဇီးလို လိမ္မာ
တဲ့ မိန်းကလေးကို လက်ထပ်တဲ့ နေ့ကျရင် Aစွမ်းကုန်လှနေေAာင်
ဘုရားသခင်က စောင့်ရှောက်ပါလိမ့်မယ်ကွယ်။ သတို့သမီးကို မင်္ဂလာ
Aိပ်ခန်းကို ပို့တဲ့Aခါ ပိုက်ဆံတွေသိပ်ကုန်တယ် မဟုတ်လား။ သူတို့
ကိုသင်ပေးတဲ့ Aမျိုးသမီးတွေက သေလောက်ေAာင် ကြိုးစားသင်
ရတာလေ။ ကုန်တာမဆန်းပါဘူး။ နောက်ပေါက် ကောင်မလေးတွေ
ကတော့ ပုံတုံးတုံး Aမှိုက်ထုပ်ကြီးတွေလို့ ပြောမှာပေါ့။ သူတို့တစ်

စိုင်းခမ်းထွန်း (စက်မှုAင်ဂျင်နီယာ) Email: saingkhantun@gmail.com


တွေက ပိန်ခြောက်ခြောက် တံမြက်စည်းရိုးတံလို ကိုယ်လုံးမျိုးကို
ပိုကြိုက်မပေါ့။ ယောက်ျားတွေက ညရောက်ရင် ပြည့်ပြည့်ဖြိုးဖြိုးလေးကို
ဖက်Aိပ်ရတာကို ပိုကြိုက်တယ်ဆိုတာ သိဟန်မတူကြရှာဘူး။
သားရေ Aမေ့ကို လူရယ်စရာဖြစ်ေAာင်တော့ မလုပ်နဲ့နော်။
သွားဖွေးဖွေးလေးဖြစ်လာဖို့ Aသက်ကလေး ဖြောင့်ဖြောင့် ရှူနိုင်ဖို့
Aမေ့ဆီကနေ သွားတိုက်ဆေးတွေ၊ ရှူဆေးတွေ ငှားငှားနေရတဲ့ ရှူနာ
ရှိုက်ကုန်းမျိုးတော့ ယူမလာပါနဲ့ သားရယ်၊ Aမေခွင့်မပြုနိုင်ဘူး။ သားရဲ့ 
မူလတန်းတုန်းက ကျောင်းနေဖက် Aိုးဒလိရဲ့  သားလေးကိုတော့ သား
Aမှတ်ရUီးမယ်ဆိုတာ Aမေသေချာပေါက် ပြောရဲတယ်သား။ သူက
တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးခြောက်ရှူ မိန်းကလေးတွေကို ထိကပါး
ရိကပါးနဲ့ လူရှုပ်ကလေးပါသားရယ်။ လူပျင်းလေးလေ။ တစ်နေ့တော့
စိတ်ကူးပေါက်ပြီး Uရောပကို ကားစီးပြီးထွက်သွားပါလေရော။ နောက်
ဆုံး ဆေးခြောက်ကပဲ သူ့ကို ဖျက်ဆီးပြစ်လိုက်မယ်ထင် ထားတာ။
Aမေတို့ထင်တာ မှားတယ်သားရေ။ သူက မြောက်ပိုင်ဘက် ခရမ်းချU်
သီးသယ်တဲ့ ထရပ်ကားတွေနဲ့ လိုက်သွား၊ ပြီးတော့ မလိကိုသွားတဲ့
ဘတ်(စ်)ကားနဲ့ ဆက်လိုက်သွားသတဲ့။ နောက် ကုလားAုတ်ကုန်
သည်တွေနဲ့ ဆက်မိပြီး ဆာဟာရသဲကန္တာရကို ဖြတ်ကြသတဲ့ကွယ်။
သူတို့ထဲက တစ်ချို့ တွေက ကန္တာရထဲမှာ ရေငတ်ပြီးသေကြသတဲ့။
သူကတော့ သေကံမရောက် သက်မပျောက်ပဲ သဲကန္တာရကြီးထဲကနေ
လွတ်မြောက်သွားတယ်ဆိုပဲ။ မော်ရိုကို ကို ရောက်ပြီး ဆောက်လုပ်ရေး
လုပ်ငန်းတစ်ခုမှာ Aလုပ်ရသတဲ့။ စပိန်ကို လှေနဲ့ဖြတ်တော့ သူ့ကို
ကူညီခဲ့တဲ့ ဘာဘာလူမျိုးတွေကိုတောင် ပိုက်ဆံ ပို့ပေးလိုက်သေး
သတဲ့တော့။ သူက Aလုပ်လုပ်ခွင့် ပါမစ်ရေAာင် စပိန်Aာဏာပိုင်
တွေကို စစ်ဒဏ်ခံနေရတဲ့ လစ်ဗျားနိုင်ငံကပါလို့ ပြောသတဲ့။ ၆ နှစ်ပြည့်
ပြီးသူပြန်လာတော့ သားကို မြင်စေချင်စမ်းတယ်။ သူမှာ တယ်လီဗွီး
ရှင်းတွေ၊ ရွှေတွေ၊ လက်ဝတ်လက်စားတွေ၊ A၀တ်Aစားတွေ ပါလာ
တာ Aများကြီးပဲ။ ငွေဆို ရေလိုသုံးရလောက်ေAာင်ကို ပါလာတာ

စိုင်းခမ်းထွန်း (စက်မှုAင်ဂျင်နီယာ) Email: saingkhantun@gmail.com


သားရေ။ သူနေတဲ့ သူ့Aဖေ Aိမ်နေရာလေးမှာ ရက်တော်တော်ကြာ
လူတွေ သွားလိုက်ကြ၊ လာလိုက်ကြ၊ စားလိုက်ကြ၊ သောက်လိုက်ကြနဲ့
တရုံးရုံးပါပဲ သားရယ်။ Aမေစိတ်ထဲမှာတော့ Aဲဒီနေရာကို ကျိတ်
ကျိတ်တိုးမသွားချင်ပါဘူး။ Aဲဒီကောင်လေးကိုလည်း Aပြစ်မြင်ဝေဖန်
မနေချင်ဘူး။ ဒါကြောင့် သူများတွေလိုပဲ စားလိုက်၊ သောက်လိုက်၊
ရင်းရင်းနှီးနှီး ပဲပေါ့သားရယ်။ AဲဒီAိမ် Aလည်လာကြတဲ့ လူတွေရဲ့ 
မျက်လုံးကတော့ Aမေ့Aပေါ်မှာ ပဲပေါ့သားရယ်။ ပြီးတော့ မေးကြ၊
ပြောကြတယ်။ “မင့်သားရော ဘယ်လိုလဲ။ ဘယ်တော့များ လက်ဆောင်
ကောင်းကောင်းတွေနဲ့ ပြန်လာမလဲပေါ့။ Aိုးဒလိရဲ့  သားလေးလို စားဖို့
သောက်ဖို့ ဘယ်တော့ ဖိတ်မလဲ။ ခြေကျင်ထွက်သွားတဲ့ Aိုးဒလိရဲ့  သား
လေးတော့ လက်ဆောင်ကောင်းတွေနဲ့ေAာင်ေAာင်မြင်မြင် ပြန်လာပြီ။
လေယာU်နဲ့သွားတဲ့ မင့်သားကဘယ်လိုလဲ။ ဘာညာပေါ့။” Aဲဒီလိုတော့
မပြောကြရှာပါဘူး။ ဒါပေမယ့် သူတို့ မျက်လုံးတွေက ဘာကို
ပြောချင်တယ် ဆိုတာAမေ သိတာပေါ့သားရယ်။ သူတို့ မျက်လုံးတွေက
Aမေ ကိုကာကိုလာ သောက်တဲ့Aခါ၊ ဂျိုးလော့(ဖ်) ထမင်း စားတဲ့Aခါ၊
Aမဲသားကြော်ကိုက်တဲ့Aခါ၊ လည်ပင်းဖြတ်ခံလိုက်ရတဲ့ ကြက်ကလေး
လို ကမူးရှူးထိုးကတဲ့Aခါတောင် Aလွတ်ပေးကြတာမဟုတ်ဘူး။ Aဲဒီ
ကောင်လေးလည်း လေယာU်နဲ့ပြန်သွားပြီ၊ နောက်တစ်ခါ သူပြန်လာရင်
သူ့Aဖေရဲ့  Aိမ်Aိုကြီးကို ဖျက်ပြီး Aိမ်ကြီးရခိုင်ဆောက်ပေးမယ်လို့
ကတိပေးသွားလေရဲ့ ။
တစ်ခါတော့ Aမေ့တွက် Aမေ့ဒူးတွေမတုန်ခင်လေး မြေးလေး
တစ်ယောက်ရေAာင်လို့ သားရဲ့  ဇနီးလောင်းလေး ငိုဇီးကို သားရဲ့ ညီ
ဝမ်းကွဲ Aဇူကာနဲ့ စပ်မိပါတယ်။ ငိုဇီးလေရဲ့  Aမေက မခံမရပ်နိုင်ဖြစ်
လိုက်ပုံများ မြွေတစ်ကောင်လို ရှူးရှူးရှဲရှဲနဲ့။ သူ့သမီးကို Aမဲသားရောင်း
သလို ဟိုလူ့ပစ်ပေးလိုက် သည်လူ့ပစ်ပေးလိုက် လုပ်လို့တဲ့လေ။ Aမေ့
ကိုတောင် တံထွေးနဲ့ ထွေးသွားသေးတယ်သားရဲ့ ။ သူ့သမီးလေးသာ
နောက်တစ် ယောက်ကို လက်ထပ်ရUီးမယ်ဆိုရင် Aမေတို့ထက်သာတဲ့

စိုင်းခမ်းထွန်း (စက်မှုAင်ဂျင်နီယာ) Email: saingkhantun@gmail.com


Aသိုင်းA၀ိုင်းကောင်းကောင်းကိုပဲ ရှာတော့ မပေါ့တဲ့။ Aဲဒီလို
ကတောက်ကဆ ဖြစ်ပြီးကတည်းက သူလည်း ဘုရားကျောင်းကို မလာ
တော့ဘူး။ လမ်းမှာ Aမေနဲ့ မျက်နှာချင်းဆိုင်တွေ့ရင်တောင် ရှူးရှူးရှဲရှဲနဲ့
မျက်နှာလွဲပြီး လမ်းတစ်ဖက်ကို ကူးကူးသွားတာ။
သားပိုက်ဆံမပို့တဲ့ Aတွက်တော့ ဆင်ခြေပေး နေစရာ မလို
ပါဘူး။ ခုဆို Aနောက်နိုင်ငံများAသင်းက Aမေတို့လမ်းပေါ်မှာ ရုံးလာ
စိုက်တယ်။ ခန့်ညားထည်ဝါတဲ့ သူတို့ရုံးကြီးထဲကို ကလေးတွေကို ခေါ်
ခေါ်သွားကြတာ နေ့စU်တွေ့နေရတာပဲ။ ပြီးရင် စက္ကူထုပ်ကြီးငယ်
တွေဆွဲလို့ ကားကား ကားကားနဲ့ ထွက်လာကြတော့ တာပဲ။ သူတို့
တစ်တွေ Aားတဲ့လက်တစ်ဖက်နဲ့တော့ Aမေ့ကို လက်ပြနှုတ်ဆက်ကြ
ပါတယ်။ Aမေချေးမှာ စိုးလို့ထင်ပါရဲ့  လက်တစ်ဖက်ကတော့ သူတို့ပိုက်
ဆံထုပ်ကြီးကို ကျစ်ကျစ်ပါေAာင် ဆုပ်လို့သားရေ။
လူတွေပေးပေးနေတဲ့ Aကြံတွေနဲ့ Aမေ့နားမပြည့်လောက်ဘူး
မထင်နဲ့။ နောက်ဆုံးတော့ လူတွေ ဘာပြောပြော Aချိန်က စကား ပြော
ပါလိမ့်မယ်။ တစ်ခါကတော့ Aမေတို့တိုင်းရင်းဆေးဆရာကြီးက ပြော
တယ် Aမေရိကမှာ ရောက်နေတဲ့ Aမေ့သားကို သားလေးAမေရိကမှာ
ဘာပဲဖြစ်နေနေ ပြန်လာစေရမယ်။ သူ့မန္တန်နဲ့ လုပ်လိုက်ရင် နောက်တစ်
ပါတ်လေယာU်နဲ့ သားရောက်လာမှာပဲတဲ့။ ဒါပေမယ့် သားက Aမေ့ရင်
သွေးလေ၊ Aမေ့ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတာ။ သားAပေါ်ဘယ်လို
Aန္တရာယ်မျိုးမှ မကျရောက်စေချင်ဘူး။ Aိုကိုလိုစီရဲ့  သားလေးတော့
မန္တန်Aစွမ်းနဲ့ Aမေရိက ကနေ Aတင်းပြန်လာရတာပဲ။ သူAခု Aိမ်ပြန်
ရောက်နေပြီ။ ဂျာကင်Aစုတ်ကြီးဝတ်လို့ သားရယ်။ ကြောက်စရာ
ကောင်းတဲ့ ဟိုင်လီနားငှက်ဆိုးသံကြီး နဲ့ရယ်ရယ်ပြီး လမ်းပေါ်မှာ ဟို
လျှောက် ဒီလျှောက်လုပ်နေတော့ ကျောင်းသွား၊ ကျောင်းပြန်လုပ်ရတဲ့
ကလေးတွေခမျာ သူ့ကို ကြောက်ကြရှာတာပေါ့။ သူနာမည်ကိုလည်း
Aမေရိကန်က မြို့ကြီးတွေရဲ့  နာမည်တွေ Aကျယ်ကြီး ရွတ်ရွတ်နေ
လေရဲ့ ကွယ်။

စိုင်းခမ်းထွန်း (စက်မှုAင်ဂျင်နီယာ) Email: saingkhantun@gmail.com


Aမေသားကို ခြိမ်းခြောက်နေတာမဟုတ်ပါဘူး။ ဒါပေမယ့်
သားလည်း Aမေ့ကို လုပ်ဖြစ်ေAာင်တော့ ဖိAားမပေးနဲ့ပေါ့။ Aမေရိ
ကန်တွေ လပေါ်ခြေချတဲ့ နှစ်မှာ သားကိုမွေးတာ။ Aပိုလိုလို့ခေါ်တဲ့
ထူးဆန်းတဲ့ မျက်စိနာ ရောဂါ ပါလာခဲ့တယ်။ လပေါ်က လူတွေပြန်
လာပြီးလို့ သိပ်မကြာခင်မှာဘဲ လူတိုင်းလူတိုင်း မျက်စိတွေ Aနီရောင်
ပြောင်းလာပြီး မျက်ရည်တွေ ရေပိုက်ခေါင်းက ကျသလို ကျကျ
နေကြတာ Aမေမှတ်မိသေးတယ် သား။ Aဲဒါ ကမ္ဘာပေါ်ကလူတွေ
လရဲ့ မျက်နှာပြင်ပေါ်မှာ ခြေရာချန်ခဲ့တဲ့Aတွက် လူတွေ ဂရုစိုက်လာ
ေAာင် ဘုရားသခင်က ဒဏ်ခတ်တာတဲ့။ ဒါကြောင့် သားလေး
Aမေရိကန်ကို ပညာသင်သွားမယ်ပြောတဲ့Aခါ Aမေ မAံ့သြတာပေါ့။
Aမေတို့ AဖြူAမည်းတီဗွီAဟောင်းလေးနဲ့ AထူးAစီ AစU်တွေ
ကြည့်တဲ့Aခါ သားကတော့ တစ်ပါတ်ကို နာမည်တစ်မျိုးပဲ။ ပထမ
တစ်ပတ်မှာ ဒန်ဘလော့ကာ၊ ဒုတိယပတ်မှာ ပါနယ်ရောဘတ်၊ နောက်
မိုက်ကယ်လန်ဒန်၊ လော်နီဂရင်း Aို စုံလို့ပါပဲ သားရယ်။ ကောင်းဘွိုင်
Uီးထုပ်လေး ဆောင်း၊ သစ်သားဆေးတံလေးကိုက်ပြီး၊ ဆေးလိပ်သမား
ကြီးလို ဟန်ဆောင်၊ Aံမယ် ခပ်ထေ့ထေ့နှုတ်ခမ်းနဲ့ တီဗွီထဲက မင်းသား
ကြီးလို နှာခေါင်းသံကြီးနဲ့ ပြောပြောနေတတ်သေး။ တကယ်ပါ သားလေး
Aမေရိက ကို ပညာသင် သွာမယ်ပြောတော့ Aမေ့Aတွက် Aံ့သြစရာ
မဟုတ်တော့ပါဘူး။ သားက Aမေရိကန်တွေလပေါ် မှာ Aလံစိုက်
နိုင်တဲ့နှစ်မှာ မွေးခဲ့တာပဲ။ လပြည့်ည သားတို့ တစ်တွေ ကစားကြပြီ
ဆိုရင် တခြားကလေးတွေ လပေါ်က လူကိုမြင်ကြတဲ့Aခါ သားကတော့
Aမေ့ဆီ ပြေးပြေးလာပြီး လပေါ်ကလူက သားကို Aမေရိကန် Aလံ
ကြီး ယမ်းပြနေတယ်လို့ လာလာပြောတတ်တာပဲ။ Aမေတို့မိသားစုရဲ့ 
Aတွင်းရေးကိစ္စတွေ သားကို ပြောပြချင်တယ်။ ၁၉၄၀ ပြည့်နှစ်Uီး
ပိုင်းတုန်းက သားဖေဖေ ဟိုဝပ်တက္ကသိုလ်မှာ လုပ်သေးတယ်။ Aမေတို့
နိုင်ငံလွတ်လပ်ရေးကြိုးပမ်းချိန်တုန်းက ကြီးကျယ်မြင့်မြတ်တဲ့၊ ဖြောင့်
မှတ်မှန်ကန်တဲ့ နမ်ဒီAဇီကီဝှီးလို Aာဖရိကန် ခေါင်းဆောင်ကောင်းတွေ

စိုင်းခမ်းထွန်း (စက်မှုAင်ဂျင်နီယာ) Email: saingkhantun@gmail.com


မွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်ပဲပေါ့။ သားဖေဖေ Aဲဒါးလ် ဒမ်းစတာ
နယ်စပ်ကို လှေနဲ့ဖြတ်ဖို့ Aတွက် ငွေလိုတာနဲ့ သားရဲ့  Aဖိုးကတော့
သူ့ရာဘာခြံကြီး တစ်ခုလုံးကို ယူနိုက်တက်Aာဖရိကန် ကုမ္ပဏီကို
ရောင်းပစ်ခဲ့တယ်သားရဲ့ ။ သားရဲ့ ဖွားဖွားလည်း သူ့လက်ဝတ်လက်စား
တွေ ရောင်းပြီးပေးလိုက်တာပဲ။ သားဖေဖေ လားဂို့(စ်) ဆိပ်ကမ်းကို
ရောက်တော့ လူလိမ်တွေနဲ့ တွေ့တော့တာပဲ။ လူလိမ်တွေက သားဖေဖေ
ရဲ့  ငွေကို နှစ်ဆဖြစ်ေAာင် လုပ်ပေးနိုင်တယ်လို့ပြောသတဲ့။ လူလိမ်တွေ
က စစ်ပြန်တွေတဲ့။ Aနောက်Aာဖရိကမှာ Aခြေချနေကြတဲ့ သူတွေ
ပေါ့။ သူတို့တွေက သားAဖေလို တောသားလူA လေးတွေကို Aဲဒီ
ဆိပ်ကမ်းနားတစ်လျှောက် Aမဲလိုက်ဖမ်း နေသူတွေပေါ့။ သားဖေဖေ
Aကြောင်းပြတာကတော့ သူတို့တွေ ပိုက်ဆံ နှစ်ဆဖြစ်ေAာင်လုပ်ပေး
ရင် တစ်ဝက်ကို Aိမ်ပြန်ပို့မယ်၊ ကျန်တဲ့ တစ်ဝက်နဲ့ Aမေရိကဆက်
သွားမယ်ပေါ့။ လူလိမ်တွေက သားဖေဖေရဲ့  ပိုက်ဆံတွေကို ယူပြီး သစ်
သားသေတ္တာနက် တစ်လုံးကို လက်ထဲ ထိုးထဲ့ ပေးသတဲ့။ နောက်နေ့
မရောက်မချင်း ဖွင့်မကြည့်ရဘူးလို့ ပြောတယ်တဲ့ သားရယ်။ သား ဖေဖေ
လည်း နောက်တစ်နေ့ရောက်လို့ ဖွင့်ကြည့်ရော ပိုက်ဆံ Aရွယ်
သတင်းစာဖြတ်စတွေချည်း တွေ့ရတယ်ဆိုပဲ သားရယ်။ သားဖေဖေ
လည်း စိတ်ကယောင်ခြောက်ခြားဖြစ် ပြီး Aတ္တလန္တိတ် သမုဒ္ဒသရာထဲ
ဆင်းပြီး သေဖို့ ကြံမိသေးသတဲ့။ ဆိပ်ကမ်းမှာ ပဲကိတ်လာရောင်းတဲ့
မိန်းမကြီးတစ်ယောက်ကတွေ့ပြီး တားရသတဲ့။ ပြီးတော့ သူက သားရဲ့
ဖေဖေကို သူ့Aိမ်ကို ခေါ်သွားသတဲ့။ Aဲဒီက ကိုယ်ပိုင်ကျောင်းလေး
တစ်ခုမှာ စာသင်တဲ့ Aလုပ်ရတယ်။ ပိုကောင်းတဲ့ Aခွင့်Aရေးရနိုင်မယ့်
ဆိုင်ရာလီဝမ်ကို သွားဖို့ ငွေစုပြီးသွာခဲ့တယ်။ Aိမ်ကတော့ သားဖေဖေ
ကို Aမေရိကမှာ ပညာသင်နေတယ်လို့ ယူဆထားတာပေါ့။ သားAဖိုး
နေမကောင်းဖြစ်တော့ သားဖေဖေက ဆိုင်ရာလီဝမ် မှာလေ။ သားရဲ့
ဖေဖေက Aကြီိးဆုံးသားဖြစ်လေတော့ သားAဖိုးရဲ့  နောက်ဆုံးထွက်
သက်ကို သားဖေဖေရဲ့  ရင်ခွင်ထဲ၊ သားဖေဖေရဲ့  လက်ထဲမှာပဲ Aဆုံး

စိုင်းခမ်းထွန်း (စက်မှုAင်ဂျင်နီယာ) Email: saingkhantun@gmail.com


သတ်စေချင်ကြတာပေါ့။ ဒါကြောင့်မို့ လူကြီးတွေက ဆေးဆရာနဲ့တိုင်ပင်
ပြီး မန္တန်Aတတ်နဲ့ သားဖေဖေကို ပြန်လာဖို့ခေါ်ကြတော့တာပေါ့။
မန္တန်က သားဖေဖေ ကို ဆိုင်ရာလီဝမ်ကနေ Aိမ်ပြန်ရောက် လာေAာင်
တကယ်ပဲခေါ်နိုင်ခဲ့တယ်။ ဒါပေမယ့်ကွယ် မင့်Aဖိုးကတော့ သူ့Aသဲကို
ခွဲခဲ့တဲ့ သူ့သားAပေါ် ဆူပူဆဲဆိုတာလေးတောင် မလုပ်ရသေးခင်
သားဖေဖေ ရောက်လာတော့ ဆုံးရှာပြီလေ။ သားAဖိုး ကတော့
ပြောတယ် သားဖေဖေက သူ့ကို စိတ်ပျက်ေAာင်လုပ်တယ်လို့ပေါ့။
သားဖေဖေကိုယ်တိုင်လည်း သားAလှည့်ကျတော့ ၀ဋ်ပြန်လည်တာ
ပါပဲ။
သားမှတ်မိသေးလား။ သြစတြေးလျကနေ Aမေတို့ရွာကို
ပျံပျံလာပြီး လယ်တောထဲမှာ Aသိုက်လာလုပ်ပြီး နေတဲ့ ငှက်ကြီးတွေ
ကိုလေ။ မဲလ်ဘုန်း တိရိစ္ဆာ န်UယျာU် ဆိုတဲ့ ရွှေရောင်တောက်
တောက်ခြေပတ်လေး သူတို့ခြေချင်းဝတ်မှာပါတယ်လေ။ သားမှတ်မိUီး
မှာပါ စပါးကွင်းတွေထဲမှာ ရေကန်လေးထဲရေကူလိုက်၊ စပါးစေ့လေးတွေ
စားလိုက်၊ ကစားလိုက်၊ သီချင်းဆိုလိုက်နဲ့ ငှက်တွေပျော်မြူးနေကြပုံကို။
လက်နဲ့ရေးထားတဲ့ Aတိုင်းပဲနော် သူတို့ Aတောင်တွေကလည်း
Aရောင်Aသွေးစုံလိုက်တာ။ လယ်သမားတွေကလည်း သူတို့တွေကို
ဒုက္ခမပေးကြဘူးလေ။ ဒေသခံ ကွေလာငှက်တွေနဲ့ မတူဘူး။ သူတို့
တွေက မြေပေါ်ကျနေတဲ့ စပါးစေ့တွေလောက်ပဲစားတာ။ သီးနှံတွေကို
လည်း ဖျက်လိုဖျက်ဆီး မရှိတော့ Aလည်လာတဲ့တော်ဝင် ငှက်ကြီး
တွေလို့မှတ်ကြတာ။ သီးနှံသိမ်းချိန်ရောက်ပြီဆို ငှက်ကြီးတွေက စုစုစည်း
စည်းနဲ့ Aချိန်Aတော်ကြာ ဆွေးနွေးတိုင်ပင်ကြပြီး ခရီးရှည်ကြီးကို
Uီးတည်ပျံကြတော့တာပဲ။
ဒါပေမယ့်သားရေ တစ်နှစ်မှာတော့ Aလည်လာတဲ့ ငှက်ကြီး
တွေထဲက တစ်ကောင်ဟာ ပြန်လိုက်မသွားဘဲ နေရစ်ခဲ့ပါရော။
တစ်ခြားAဖော်ငှက်ကြီးတွေ ပြန်ဖို့ စုဝေးကြတော့ သူမပါဘူး။ ပျံသန်း
ကြဖို့ လှုပ်လှုပ်ရှားရှား ဖြစ်တော့လည်း သူကတော့ တုံဏှိဘာဝေပဲ။

စိုင်းခမ်းထွန်း (စက်မှုAင်ဂျင်နီယာ) Email: saingkhantun@gmail.com


ခွဲခွာတော့မယ့်ငှက်တွေက တကြော်ကြော်လာဖို့ ငှက်တို့ဘာဝေAာ်ကြ
ခေါ်ကြတော့လည်း ဂရုမစိုက်တော့ဘူး။ ဒါနဲ့ တစ်ခြားငှက်Aဖော်တွေ
လည်း သူကို ချန်ထားခဲ့ပြီးပြန် ကြတော့တာပေါ့။ နောက်တစ်နေ့ လယ်
သမားတွေလာတော့ သူ့ဌာနေကို ပြန်သွားဖို့ ခြောက်လှန့်မောင်း
လွတ်ကြတာပေါ့။ ငှက်ကြီးကတော့ စပါးစေ့လေးတွေ ကောက်စား
မြဲပါပဲ။ တစ်ခါတစ်လေ ဒေသခံ ကွေလာငှက်တွေဆီ ဖြေးဖြေးလေးလေး
ပျံပျံသွားပြီး Aတူတူ ပေါင်းပေါင်းနေတာပေါ့။ မရိတ်ရသေးတဲ့ သီးနှံ
တွေကို လည်း ဖျက်လို ဖျက်ဆီး လုပ်လာတယ်။ ငှက်ကြီးဟာ Aလည်
လာတဲ့ ငှက်တွေလို မဖျက်မဆီး ရေရှည် မနေနိုင်ဘူး လို့ လယ်သမား
တွေ Aချင်းချင်းပြောလာကြတယ်။ ဒါကြောင့် ဒေသခံငှက်တွေကို လုပ်
သလိုပဲ လုပ်လိုက်ကြဖို့ ဆုံးဖြတ်လိုက်တော့တယ်။ နောက်ဆုံးမြှား
နဲ့ပစ်ပြီး ဟင်းလုပ်လိုက်တော့တာပေါ့။ သားလေးရေ Aမေကတော့
Aမေ့ သားလေးဟာ ကိုယ့်မွေးရပ်မြေလေးကို မေ့သွားတဲ့ ထူးဆန်းတဲ့
သြစတြီးလျ ငှက်ကြီးလို ဖြစ်လာလိမ့်မယ်မဟုတ်ဘူးလို့ ထင်တာပဲ
သားရယ်။

တစုံတရာကို Aမှတ်ရ နားလည်စေလိုသော စေတနာဖြင့် …..


A Letter from Home by E. C. Osondu ကို ဘာသာပြန်ဆို
ရေးဖွဲ့သည်။

စိုင်းခမ်းထွန်း (စက်မှုAင်ဂျင်နီယာ) Email: saingkhantun@gmail.com

You might also like