You are on page 1of 4

အပ္ပာမာဒ ဓမ္မလက်ဆောင်….

အရှင် စန္ဒိမာ(အောင်လ)ံ

ယောဂီအပေါင်းတိ…ု့ ယောဂီတို့ မိမိကိုယ်ကို ပြန်ဆန်းစစ် ကြည်လိုက်စမ်း ပါ။့  ၁။ ငါသည် သေခြင်း ဆင်းရဲမှ လွတ်မြောက်မ(သု) ချမ်းသာမှုရပြီလော။ှို့ ၂။ သေခါနီးမှာ မကောင်း တဲ့ ကံနိမိတ်တွေ မပေါ်အောင်တားဆီးပိတ်ပင်နိုင်တဲ့ အထောက်အထား ခိုင်ခိုင်မာမာရှိပြီ လားလို့ မိမိကိုယ်ကို ပြန်မေးပါ။ ၃။ နောင်ဘ၀မှာ အပါယ်လေးပါသို့ မရောက်တော့ဘူး လို့ အာမခံချက်ရှိပြီလား။ သေတယ်ဆိုတာ သတ်တတတဲ့သ ဘောရှိလို့ သေတာပါဘဲ။ သတ်တတ်တဲ့ သဘောဆိုတာ အဝေးကြီးမှာ မဟုတ်ဘူး ။ အလျားတလံ၊ အနံတစ်ထွာရှိတဲ့ သင်ရဲ့ ရုပ်အစုအဝေးကြီးပါပဲ။ သင့်ကိုနေ့တိုင်း အစားကျွေးခိုင်း ၊ ပြုပြင်ပေးခိုင်း၊ အလှဆင်ပေးခိုင်း ၊ အိပ်ပေးခိုင်း ၊့  ရေချိုးပေးခိုင်း ၊ အညစ်အကြေးတွေ ပြန်စွန့်ပေးခိုင်းနေတဲ့ ရုပ်အစုအဝေးကြီး ဟာ နေ့စဉ်နှငအမျှစက္ကန့် မိနစ်မခြာ့း် အမိန့်ပေးနေဘိသကဲ့သို့ ခိုင်းနေတာကို သင်မသိပဲ ငါလိစွဲယူကာ အလိမ်ခံနေရတယ်။ ဒါတင်မက အိုခိုင်း နာခိုင်းပြီုး့ အားရတဲ့အခါမှ ပုံစံအမျိုး မျိုး၊ ရောဂါအမျိုးမျိုး၊ အနာအမျိုး မျိုး ဖြစ်အောင် ရက်စက်သေးတယ်။ ပြည်တွင်းမှာသာမက ပြည်ပမှာ ဘယ်လောက်ပဲ ငွေနှင့် လိုက်ကုကု မိမိဘက်ကသာ ငွေကုန်အချိန်ကန် အလုပ်ရှုပ် ပင်ပန်းတာပဲ အဖတ်ု တင်တယ်။ ဒီရုပ်ကြီးကတော့ ဆက်လက် ညှင်းဆဲနေတာပါဘဲ။ နောက်ဆုံးတော့ ပါရဂူတွေက မရတော့ပါဘူး။ မတတ်နိုင်တော့ပါဘူးလို့ လက်မြှောက်အရှုံး ပေးလိုက်ရတာပါပဲ။ ဒီအချိန်ကျမှဒီရုပ်ကြီးပေါ်မှာ အပ်ဖျားတစ်ထောက် စာမျှပင်သင်ရဲ့ စိတ်သည် နားခိုစရာမရှိအောင် ရက်စက်သတ်ဖြတ်တော့တာပါဘဲ။ တစ်သက်လုံးကျွေးမွေးပြုစုယုယ့  ကာ အဆီအဆိမ့်တွေကျွေးမွေးခဲ့သမျှ တန်ဘိုး ကြီးတဲ့ ရတနာတွေ ပန်ဆင်ပေးခဲ့သမျှ နွေးထွေးအောင် ယုယခဲ့သမျှ သဲထဲရေသွန်သလို အလကားဖြစ်ခဲ့လေပြီဆိုပြီး နောင်တရမိကြတော့တယ်။ အဲဒီအခါကျမှ ကယ်ကြပါ။ သနားကြပါ။ စောင့်ရှောက်ကြပါလို့ ငြီး စူမှုတွေဟာ စက္ကန့်မခြား စိတ်တွေဖြစ်နေပြီး ၊ ဆင်း ရဲနေပြီး အဲဒီလို ဓာတ်လေးပါး၏ မသေ သေအောင် သတ်ဖြတ်ရက်စက်မှု ပြင်းထန်စွာခံစားရတဲ့ အချိန်အတွက် သင်ဘယ်လို အားကိုးရပြီလဲ (သို့) ငါဘယ် လို ဆောက်တည်ရာရဖို့ ဘာအားကိုးရပြီလဲလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။ သူတစ်ပါးသေတာကို မြင်ဘူးကြပေမဲ့ သူတစ်ပါးသေခါနီးဆဲဆဲမှာ နောက်ဘ၀အတွက် ခန္ဓာတည်ဖို့

မိမိပြုခဲ့တဲ့ ကံနိမိတ်တွေ ဘယ်လိုပေါ်လာတယ်ဆိုတာ သင်တို့ မသိကြဘူး၊ အဲဒီ ကံနိမိတ်တွေဟာ မိမိအလိုနဲ့ပေါ် တာမဟုတ်ဘူး၊ မိမိသံသရာအစဉ်အဆက်နဲ့ ယခုဘ၀မှာ ပြုခဲ့တဲ့ အမှုတွေပါပဲ။ ဘ၀အစဉ်အဆက်က ဘာတွေပြုခဲ့ တယ်ဆိုတာလဲ မသိဘူး။ ဒီဘ၀မှာ ပြုခဲ့တာတွေကိုလည်း မိမိအကုန်မသိပေမဲ့ ဥပါဒါန် အစွဲစိတ်တွေက မှတ်ယူသိမ်းဆည်းထားတယ်။ မြတ်စွာဘုရားနှင့် ရဟန္တာများပင် ထိုကံတွေကို ခံစားရသေးတယ်။ မြတ်စွာဘုရား ၀မ်း တော်လားခြင်း၊ အရှင်သာရိပုတ္တရာ သွေးအန်ခြင်း၊ ရှင်မောဂ္ဂလန် ခိုးသားငါးရာအရိုက်ခံရခြင်း၊ အရှင်မဟာကဿဖ တောင်သုံး လုံးကြား၌ ပရိနိဗ္ဗာန်ပြုရခြင်းတို့ဟာ ကံကြွင်းများရဲ့သဘောဖြစ်တယ်။ အဲဒါကြောင့် ကောင်းကံ မကောင်းကံများက သင့်ရဲ့ စုတိစိတ်မှာ နိမိတ်အဖြစ်ပေါ်လာမှာ သေချာတယ်။ အဲဒီကံနိမိတ်တွေထဲက ကောင်းတဲ့ ကံနိမိတ် မကောင်းတဲ့ ကံနိမိတ်တွေရတဲ့အထဲမှာ မကောင်းတဲ့ကံနိမိတ်တွေကို တားဆီးပိတ်ဆို့နိုင်ပြီလားလို့ မိမှိ ကိုယ်ကို ခေါင်းအေးအေးထားပြီး ခဏခဏ မေးခွန်းထုတ်ပါ။ သဲအင်း ဇွဲတင်း အမြဲလင်း

အပ္ပာမာဒ ဓမ္မလက်ဆောင်…. အရှင် စန္ဒိမာ(အောင်လ)ံ


နောက်တစ်ချက်ကတော့ ဒီဘ၀ ခန္ဓာချုပ်ပြီး နောက်ဘ၀ဆိုတာ ခန္ဓာတည်ရဦး မယ်။ အဲဒီနောက်ဘ၀ဆိုတဲ့ အထဲမှာကြောက်စရာအကောင်းဆုံးဘ၀ကတော့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ ဘ၀လေးမျိုးပါဘဲ။ ကုသိုလ်တစ်လှည့်၊အကုသိုလ်တစ်လှည့်ဘ၀ကို အသူရကာယ် လို့ခေါ်တယ်။ ကုသိုလ်အဟုန်နဲ့ ကောင်းကျိုးချမ်းသာ ခံစားလိုက်၊ အကုသိုလ်အဟုန်ကြောင့် ဆင်း ရဲခြင်းတစ်လှည့် ခံစားလိုက်နဲ့ သက်တမ်းရှည်လွန်းလှတယ်။ သူ့ထက် ဆိုးတာက ကျန်တဲ့ ဘ၀တွေပါဘဲ။ တိရစ္ဆာန်တွေဆိုတာ မောဟအကုသိုလ် အဟုန်ကြောင့်ဖြစ်တာ။ အဲဒီတိရစ္ဆာန် တွေကို နေ့တိုင်းစားသောက်နေကြတယ်။ တစ်ချိန်က အဲဒီတိရစ္ဆာန်တွေက သူများအသားစားထားတော့ အဲဒီတိရ စ္ဆာန်တွေဟာ တလှည့်ပြန်အစားခံရတယ်။ မိမိလည်း သူတစ်ပါးအသားတွေကို အလိုရမ္မက်ကြီးစွာနဲ့ စားသောက်ထား တဲ့ ကြွေးတွေ ရှိနေတယ်ဆိုတာလည်း ပြန်သတိထားဦး။ ပြိတ္တာနဲ့ ငရဲကတော့ စက္ကန့်မခြား ဆင်းရဲရတယ်။ သက်တမ်း လည်း အလွန်ရှည်တယ်။ ကံပြုသမျှ အကုသိုလ် အဟုန်မကုန်မခြင်း ခံနေရတယ်။ တစ်စက္ကန့်မှာ မဖြစ်မနေ ခံရမည့်ဘ၀ ကုဋေလေးသောင်း ကြွေးတက်တယ်။ အဲဒီဘ၀အကြွေးတွေ မိမိပြုခဲ့ သမျှ မိမိသာ ပြန်ခံရမှာ ဖြစ်တယ်။ သစ္စာလေးပါးကို မသိက မောဟ၊ တိရစ္ဆာန်ဘ၀ ဆန့်ကျင်ဘက်ဖြစ်၍ ဒေါသဖြစ် က ငရဲ၊ လိုချင်မှု လောဘစိတ်ဖြစ်က ပြိတ္တာဘ၀၊ မာန်မာနဖြစ်က အသူရကာယ်ဆိုတဲ့ ဘ၀တွေ စက္ကန့်ပိုင်းမှာ ကုဋေ နှင့်ချီ၍ ဘ၀အကြွေး တွေ တက်နေတယ်။ ယောဂီတို့ အဲဒီအပါယ်လေးပါး မကျရောက်နိုင်ဘူးလို့ ဘယ်အာမခံချက်တွေ ရှိနေပြီလဲလို့ မိမိကိုယ်ကို ခေါင်းအေးအေးထားပြီး ခဏခဏ ပြန်ဆန်းစစ်ပြီး မေးခွန်း ထုတ်ပါ။ ပုထုဇဉ်တို့၏ သဘာဝ ဘယ်ဘုရားဘယ်လောက်ပွင့်ပွင့် ခေါင်းထဲမထားဘူး ၊ ဘယ်လိုဘဲ ပါရမီတွေကို ဘယ်လောက်ဘဲ အသက်နှင့်ခန္ဓာ တွေစွန့်ပြီး ပါရမီဖြည့်ခဲ့ ဖြည့်ခဲ့ စိတ်မ၀င်စားဘူး၊ ရှေးတုန်း က ဘယ်ဘုရင်ကြီး နန်းတော်စွန့်ပြီး သာသနာ့ဘောင် တက်၍ ရဟန္တာဖြစ်သွားလဲ စိတ်မ၀င်စားဘူး။ ဘယ်သူဌေးကြီး ဘယ်လောက်ချမ်း သာပြီး စည်းစိမ်တွေကို စွန့်၍ တရားအားထုတ်သွားလဲ အားမကျဘူး၊ ဘယ်မိဖုရားကြီး ဘယ်လို ကာမဂုဏ်တွေ စွန့်ပြီး ၊ ဘိက္ခူနီဝတ်ပြီး တရား အားထုတ်သွားတာလဲ အရေးမစိုက်ဘူး။ ဘယ်ဘုရင့်သမီး တွေ ၊ ဘယ်သူဌေးသမီးတွေ ဘယ်လို ဘိက္ခူနီမ၀တ်ပြီး ဘယ်လိုတရားအားထုတသွားလဲ ဂရုမစိုက်ဘူး။ ဘယ်စစ်သူကြီး ဘယ်လိုဘဲ ဂုဏ်ပါဝါတွေရှိရှိ သာသနာ့ဘောင် တက်၍ ရဟန်းဝတ်ပြီး တရားအားထုတ်သွားလည်း အလေးမထားဘူး ။ ဘယ်ပညာရှိကြီး ဘယ်လိုမာန်ကျပြီး ရဟန်း ၀တ်၍ ရဟန္တာဖြစ်သည်ထိ တရားအား ထုတ်သွားလဲ ကိုယ်နဲ့မဆိုင်ဘူး။ ဘယ်သံဃာတော်များ လူ့ကာမဂုဏ်တွေစွန့် ၍ လခမရဘဲ သာသနာတော်ကြီး မပျောက်ကွယ်အောင် ဒို့အတွက် ကုသိုလ်တရားတိုး ပွားအောင် ပိဋ ကတ်တွေကို ထိန်းသိမ်းမှုတွေ လုပ်နေပေမဲ့ အမှတ်မထားဘူး ။ သူတော်ကောင်းများ မိမိတို့ရှာထားတဲ့ ငွေတွေကို မိမိ မိသားစုအ တွက် ဖြည့်ဆည်းခြင်းမှ ထုတ်နုတ်ပြီး သာသနာမှာ တရားကျင်ဘို့ ဓမ္မာရုံတွေ ၊နေရေးထိုင်ရေး ၊ စားရေးသောက်ရေး တွေ အဆင်ပြေစွာ တရားအားထုတ်နိုင်ရန် ငွေကုန်ကြေးကျ ခံ၍ပြုစုစောင့်ရှောက်ထားပေးပြီး တရားကျင့်ကြပါလို့ ဖိတ်ခေါ်လည်း ဆန္ဒမရှိဘူး။ ထိုသူတို့ အာရုံရှိတာက တစ်ဘ၀မှာ ကာမဂုဏ်တွေ စိတ်ကြိုက်ခံစားဖို့၊ သူများထက် ကြီးပွားဖို့၊ သူများထက် ဂုဏ်ရဖို့၊ သူများထက်လှဖို့၊ သူများထက် နာမည်ကြီး ဖို့ ၊ သူများထက် ပညာကြီးဖို့၊ သူများထက် အခြံအရံများဖို့၊ မိမှိ သဲအင်း ဇွဲတင်း အမြဲလင်း

အပ္ပာမာဒ ဓမ္မလက်ဆောင်…. အရှင် စန္ဒိမာ(အောင်လ)ံ


ချမ်း သာမှု၊ အန္တရယ်ကင်းမှု ၊ ဂုဏ်ပါဝါရှိမှုတွေ အတွက် အားကိုးအမျိုးမျိုးရှာမှု၊ မျက်နှာအောက်ကျခံလိုက ခံရပါစေ၊ လူပင်ပန်း ရင် ပင်ပန်းပါစေ၊ အသက်နဲ့လဲရင်လဲ ရပါစေဆိုတဲ့ အာရုံတွေကိုဘဲ ရှေ့တန်းတင်အားထုတ်ကြတယ်။ ဒါတွေပဲ စိတ၀င်စားတယ်၊ ဒါတွေပဲ တန်ဖိုးထားတယ်။် ပစ္စည်းရှိတော့ ရှိရမည်၊ ပညာတတ်တော့ တတ်ရမည်၊ အခြံအရံတော့ ရှိရမည်။ ဂုဏ်တော့ ရှိရမည်။ ဒါဟာ တစ်ဘ၀၊ တစ်ခဏတာဘဲလို့ သိပြီး ရှာရမည်။ လုပ်ရမည်။ ထိုအမှုတွေဟာ လောဘ၊ ဒေါသ ၊မောဟ ၊ မာနတွေနဲ့ ရင်းထားရတယ်လို့ အပြစ်ကို သိထားရမည်။ သုံးပြီး မစွဲရဘူးလို့ သိထားရမယ်။ မိမိတို့ ကံထူးရှင်တွေလို့ သိရမယ် ယခုအချိန်ကို ဗုဒ္ဓခေတ်လို့ သိထားရမယ်။(သို့) ဗုဒ္ဓ၏ကယ်တင်နိုင်သောနည်းကောင်းများ ရှိနေတဲ့အချိန်လို့ သိထားရမယ်။ ဒီလိုကယ်တင်နိုင်ဖို့ ဘုရားအလောင်းတော်ဟာ ခန္ဓာနှင့် အသက်ကို လှူဒါန်းပြီးရင်းခဲ့ရသည်မှာ ရေ တွက်လို့ပင် မရနိုင်ပါဘူး။ မိုးပေါ်က ကြယ်တွေရေတွက်လို့ ရရင် ရနိုင်ဦးမယ်။ ငါဘုရားလှူခဲ့တဲ့ မျက်လုံး တွေ ရေ တွက်လို့ မရနိုင်ပါဘူး ။ ဒီလိုရင်းမှ ရခဲ့တဲ့သာသနာမှာ လူလာဖြစ်တာ (သို့) မြတ်စွာဘုရား ပါရမီဖြည့်ခဲ့သမျှ ဘုရားပွင့် တဲ့အချိန်မှာ မိမိတို့လူလာဖြစ်ပြီး ကြုံရတာ အခွင့်ထူးကြီး ဆုံတာလို့လည်း မမေ့သင့်ပါလားလို့ မိမိကိုယ်ကို ခဏခဏ သတိပေးရမယ်။ ဒီအခွင့်အရေးကြီးကို ကျောပေးပြီး ကျေးဇူးမဲ့နေမိခဲ့လျှင် မိမိလောက်မိုက်တဲ့ ပုဂ္ဂိုလ်မရှိပါလားဆိုတာလည်း ခဏခဏသတိပေးနေရမယ်။ ကြုံလည်း ကြုံခဲတဲ့ ၊ ဆုံလည်း ဆုံခဲတဲ့ ဒီအခွင့်အရေးမှာ ဘာလုပ်ရမည်လ? ပုဗ္ဗေစကတပုညတာဖြစ်အောင်ဲ (သု) နောက်ဘ၀တွေအတွက် ချမ်း သာအောင် သဒ္ဓါရှေ့ထားပြီး လှူဒါန်းမှု ပြုရမယ်၊ သရဏဂုံနှင့် ငါးပါးသီလလိုံ့ အောင် ထိန်း ရမယ်။ ဘာဝနာတည်းဟူသော သမထ၀ိပဿနာ တရားများကို သေသေကျေကျေ အားထုတ်ရမယ် ဆိုတာ မဖြစ်မနေ လုပ်ရမှာပါလားဆိုတာလည်း မိမိကိုယ်ကို တိုက်တွန်း ရမယ်။ မိမိကိုယ်ကို အမြဲတမ်း နှိုးဆော်နေရ မယ်။ ယောဂီတို့ အသေတတ်ဖို့နဲ့ မကောင်းတဲ့ ကံနိမိတ်တွေ ပိတ်ဆို့နိုင်ဖို့ကိုတော့ ဘုန်းကြီးက (၉)ရက်နှင့် နည်း ကောင်းပေးနိုင်တယ်။ အဲဒီနည်းကို ခံယူနိုင်ဖို့နဲ့ ရတဲ့နည်းကို စွဲမြဲအောင်လုပ်ဖို့ကတော့ မိမိတို့ရဲ့ တာဝန်ပါဘဲ။ အသေတတ်တယ်ဆိုတာ မိမိရုပ်ကြီးရဲ့ ပြင်းထန်စွာ ဖောက်ပြန်နေတဲ့ ကာယိက ဒုက္ခ ဝေဒနာတွေ ဖြစ်နေ ပေမဲ့ စိတ်မဆင်းရဲအောင် ဝေဒနာခွာထားနိုင်တဲ့နည်းနဲ့ အရိုးစုစတဲ့ (၃၂) ကောဌာသကမ္မဌာန်းနိမိတ်ကိုလည်း ရက် ပေါင်းများစွာ ပွားစရာမလိုဘဲ အလွယ်တကူ မြင်နိုင်တဲ့ နည်းတွေ ခိုင်မာစွာ ရထားလို့ပါဘဲ။ တရားကျင့်လိုပါက တရားစခန်းရက်များကို စုံစမ်းပြီး အစားကြွေးတရားပေး (၉) ရက် အဓိဌာန်ပွဲရက်များကို အောက်ပါဖုန်းနံပါတ်များဖြင့် မေးမြန်းဆက်သွယ်နိုင်ပါတယ်။

သဲအင်း

ဇွဲတင်း

အမြဲလင်း

အပ္ပာမာဒ ဓမ္မလက်ဆောင်…. အရှင် စန္ဒိမာ(အောင်လ)ံ


အသျှင်စန္ဒိမာ(အောင်လ)ံ တိုက်ခွဲအမှတ် (၃၂) ၊ သဲအင်းဂူ ၀ိပဿနာ ဓမ္မရိပ်သာ၊ စက်ရုံရပ် ၊ အောင်လံမြို့။ ဖုန်း - ၀၆၉ ၂၁၈၄၂

သဲအင်း

ဇွဲတင်း

အမြဲလင်း

You might also like