You are on page 1of 2

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖွဲ့အစည်းများ၏

အဆိုပြုချက် ( မူကြမ်း)

နိဒါန်း

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်


နေ့တွင် အတူတကွပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်
ကောင်စီ (UNFC) အဖွဲဝ
့ င်အဖွဲ့အစည်းများသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ထောင်ရန်၊ နိုင်ငံရေး
ဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ် ဆုံးဖြတ်အတည်ပြုရာ၌ ပါဝင်ရန်နှင့် ၂၁-ရာစုပင်လုံညီလာခံသို့
ပါဝင်တက်ရောက်ရန်တ့အ
ို တွက် အောက်ပါအချက်များကို သဘောတူညီကြသည်။

၁။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေငြာခြင်းကို အစိုးရ၊ တပ်မတော်မှ ဤသဘောတူညီချက်ရရှိပြီးနောက်


(၂၄) နာရီအတွင်း ထုတ်ပြန်ပြီး ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စဝ
ီ င် အဖွဲဝ
့ င်အဖွဲ့
အစည်းများမှ (၄၈) နာရီအတွင်း အသီးသီးထုတ်ပြန်သွားရန်။

၂။ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊


အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အ၀ရှိသော ဖက်ဒရယ်
ဒီမိုကရေစီ ပြည်ထောင်စုနိုငင
်ံကို တည်ဆောက်သွားရန်။

၃။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ၊


တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံးတို့၏ ကိုယ်စားလှယ်များနှင့် တရားဝင် နိုင်ငံရေး
ပါတီကိုယ်စားလှယ်များပါဝင်စေပြီး၊ တုင
ိးရင်းသားကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့်ပါဝင် ထိုက်သော
ကိုယ်စားလှယ်များကို ၎င်းတို့နှင့်စပ်ဆိုင်သောကဏ္ဍများတွင်သာ ပါဝင်စေရန်။

၎။ ၂၁-ရာစုပင်လုံညီလာခံမှထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င်


ဥပဒေများကို ရေးဆွဲပြဌာန်းရန်။

၅။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုင်ရာမူဘောင်အပါအ၀င် နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ


စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင်ဝ
့ တ် (CoC) နှင့် စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွှန် (ToR) နှင့်
တပ်နေရာပြန်လည်နေရာချထားရေးတို့ကို ကြိုတင်သဘောတူညီမှု ရယူရန်။

၆။ အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်


အများယုံကြည်လေးစားသောပုဂ္ဂိုလ်များပါဝင်သော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မ
တီ တစ်ရပ်ကို နှစ်ဖက်သဘောတူလက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော
ကြီးကြပ် စောင့်ကြည့်ရေးအဖွဲ့နှင့်အတူ ဖွဲ့စည်းသွားရန်။

၇။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) နှင့် ဤသဘောတူညီချက်ပါ လိုက်နာရမည့်


တာဝန်များ၊ စည်းကမ်းချက်များနှင့်စပ်လျဉ်း၍ မပြေလည်မှုပေါ်ပေါက်လျှင် ပြည်တွင်းနှင့် နုင
ိငံတကာမှ နှစ်ဖက်
သဘောတူညီသော ဥပဒေပညာရှင်များနှင့် တရားသူကြီးများပါဝင်သော လွတ်လပ်သည့် ဖျန်ဖြေရေး
ကော်မရှင်၏ ဆုံးဖြတ်မှု ခံယူရန်။

1  
 
၈။ အပစ်ရပ်ဒေသအတွင်း ဒေသခံပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုကြီးမားသောစီမံကိန်းများကို
ဖော်ဆောင် ရန်ရှိပါက သဘာဝသယံဇာတများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအဖွဲ့ (Extractive Industries
Transparency Initiative – EITI) ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသခံပြည်သူလူထုနှင့်
ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းသဘောတူညီ
ချက်ရယူ၍ အကောင်အထည် ဖော်ဆောင်ရွက်ရန်အပြင် နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီများကို
ဤသဘောတူညီချက်အရ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ညှိနှိုင်း
ဆောင်ရွက်ရန်။

၉။ အထက်ဖေါ်ပြပါအချက်များကို နှစ်ဘက်ညှိနှိုင်းဆွေးနွေးသဘောတူညမ
ီ ရ
ှု ရှိပြီးသည်နှင့်တပြိုင်နက် တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးရန်။

(ဆုံး)

2  
 

You might also like